Friday, August 21, 2009

High-Detailed Plastic Navigation Bar

ဒီတစ်ခါ သင်ခန်းစာကတော့ website အတွက် plastic navigation bar လေးတစ်ခု ပြုလုပ်ခြင်းပါ။





အဆင့်(၁)
ပထမဦးဆုံး ကျွန်တော်တို့ navigation bar အတွက် background အရင် စလုပ်ပါမယ်။ photoshop မှာ 800x259px နဲ့ background color ကို #8caab8 ရွေးပြီး new document တစ်ခုယူပါ။ ပြီးရင် foreground color ကို #e1e8eb ထားပါ။ layer အသစ်ခေါ်ပြီးတော့ gradient tool (G) ကိုရွေးပါ။ ပြီးရင် Gradient Editor ခေါ်ပြီး Presets ထဲက Foreground to Transparent ကိုရွေးပါ။ ရွေးပြီးရင် canvas ရဲ့ ထိပ်ကနေ အောက်ကို gradient tool နဲ့ ဆွဲပေးပါ။





အဆင့်(၂)
ကဲပြီးရင် navigation menu အတွက် foundation လေး လုပ်လိုက်ရအောင်။ foreground color (#7fa1b3) ရွေးပါ။ ပြီးရင် rectangle tool မှာ rounded rectangle tool ကိုရွေးပါ။ ပြီးရင် width နဲ့ height ကို 763x80px ပေးပြီး canvas ရဲ့ အလယ်မှာဆွဲပါ။ အဲဒီ layer ကို Shape လို့ နာမည်ပေးပါ။ ပြီးရင် layer ကို double click နှိပ်ပြီး inner shadow ထည့်ပါ။





အဆင့်(၃)
နောက် layer အသစ်တစ်ခု ထပ်ယူပြီးတော့ Shape layer ရဲ့ အောက်ကိုရွေ့ပါ။ အဲဒီ new layer မှာ active ဖြစ်နေတုန်း Shape layer ရဲ့ thumbnail အကွက်လေးမှာ Ctrl+Click နှိပ်ပါ။ selection ပေါ်လာရင် color ဖြည့်ပါ။ color ကတော့ #86a6b5 ပါ။ ပြီးရင် Deselect (Ctrl+D) နှိပ်ပါ။ အဲဒီ layer ကို Filter>Blur ထဲက Gaussian Blur (1.8px) နဲ့ Motion Blur (90deg,41px) ပေးပါမယ်။ Gaussian Blur (1.8px) ကို တစ်ကြိမ်ထက် ပိုပေးပါ။ ပြီးရင် opacity ကို 85% ထားပါ။



အဆင့်(၄)
New layer ခေါ်ပါ။ ပြီးရင် new layer active ဖြစ်နေတုန်းမှာ Shape Layer ရဲ့ thumb icon လေးကို Ctrl+Click နှိပ်ပါ။ selection ပေါ်လာရင် color(#678a9f) ဖြည့်ပါ။ ပြီးရင် selection ဖြုတ်ပြီး Gaussian Blur (4.5px) ပေးပါ။



အဆင့်(၅)
ကဲ အောက်ခြေဘက်မှာ shade လေးတွေ ထပ်ထည့်ရအောင်။ New Layer ခေါ်ပါ။ New Layer active ဖြစ်နေတုန်းမှာ Shape Layer ကို Ctrl+Click နှိပ်ပါ။ Selection ပေါ်လာရင် M ကိုနှိပ်ပြီး down arrow နဲ့ selection ကို အောက်ဘက်ကို 10px လောက် ရွေ့ပါ။ ပြီးရင် foreground color ကို #6d838f ထားပါ။ ပြီးရင် gradient tool (G) ကိုရွေးပါ။ ပြီးရင် Gradient Editor ခေါ်ပြီး Presets ထဲက Foreground to Transparent ကိုရွေးပါ။ ပြီးရင် အောက်ကပုံမှာ မြှားပြထားတဲ့အတိုင်း ပထမတစ်ခါ canvas အောက်ကနေ selection အလယ်အထိဆွဲမယ်။ ဒုတိယနဲ့ တတိယက ဘေးဘက်မှာ မြှားပြထားတဲ့ အတိုင်း selection ရဲ့ ဘယ်ဘက်နဲ့ ညာဘက်ကို လိုက်ဆွဲပါ။ သတိထားရဖို့က canvas ရဲ့အောက်ခြေကနေ selection အရဲ့ အလယ်လောက် အထိပဲ gradient ကိုဆွဲပါ။



အဆင့်(၆)
Deselect လုပ်ပြီး Filter>Blur>Gaussian Blur (3.6px) ပေးပါ။



အဆင့်(၇)
အခု အပေါ်ကနေပြီး inner glow ထည့်ပါမယ်။ new layer ခေါ်ပါ။ ပြီးရင် အဲဒီ Layer ကိုအပေါ်ဆုံးကို ရွှေ့ပါ။ အဲဒီ new layer active ဖြစ်နေတုန်းမှာပဲ Shape Layer ရဲ့ thumb icon လေးကို Ctrl+Click နှိပ်ပါ။ selection ပေါ်လာရင် Marquee Tool (M) ကိုရွေးပြီး 1px လောက် အောက်ကို ရွေ့ပေးပါ။ ပြီးရင် foreground color ကို #92c2da ပြောင်းပြီး selection ရဲ့ အပေါ်ဘက် 10px လောက်ကနေ selection ရဲ့အောက်ဘက် 10px လောက်အထိ gradient tool (G) နဲ့ ဆွဲပေးပါ။



အဆင့်(၈)
ပြီးရင် အလင်းရောင် အစင်းလေးတွေကို menu foundation ရဲ့ အပေါ်မှာ ထည့်မယ်။ New Layer ခေါ်ပါ။ Shape Layer ရဲ့ thumb icon ကို Ctrl+Click နှိပ်ပါ။ selection ကို 40px လောက် အပေါ်ကို ရွေ့ပေးပါ။ ပြီးရင် Shape layer ရဲ့ thumb icon ပေါ်ကို Ctrl+Alt+Shift+Click နှိပ်ပေးပါ။ foreground color ကို #bcd2db ပြောင်းပြီး gradient tool (G) ကိုရွေးပါ။ ပြီးရင် Gradient Editor ခေါ်ပြီး Presets ထဲက Foreground to Transparent ကိုရွေးပါ။ ရွေးပြီးသွားရင် menu bar ရဲ့ အောက်ကနေ အပေါ်ကို gradient ဆွဲပါ။ selection ဖြုတ်ပြီး Filter>Blur>Gaussian Blur (3.6px) ပေးပါ။



အဆင့်(၉)
Light color တွေ ထည့်ပါမယ်။ New Layer ခေါ်ပါ။ foreground color ကို #b8c9d1 ပေးပါ။ brush tool (45px soft brush) ရွေးပြီး menu bar ရဲ့ဘယ်ဘက်အစွန်းကနေ ညာဖက်အစွန်းနားအထိ အရောင်ချယ်ပါ။ ပြီးရင် Gaussian Blur ကို 4px ပေးပြီး opacity ကို 50% ထားပါ။



အဆင့်(၁၀)
New Layer ခေါ်ပါ။ Shape Layer ကို Ctrl+Click နှိပ်ပါ။ foreground color ကို #dge7f1 ထားပါ။ 80px soft brush ကိုရွေးပြီး menu ရဲ့ အပေါ်ဘက်မှာ အရောင်ခြယ်ပါ။ ဘယ်ဘက်ထောင့်ကို ထူထူလေး ခြယ်ပါ။



အဆင့်(၁၁)
ကျွန်တော်တို့ menu ရဲ့ border တွေမှာ sparkle တွေထည့်မယ်။ New Layer ခေါ်မယ်။ Shape Layer ရဲ့ thumb icon ကို Ctrl+Click နှိပ်မယ်။ ပြီးရင် select>modify>contract နှိပ်ပြီး contract selection မှာ 1px ထားပါ။ ok နှိပ်ပါ။ ပြီးရင် selection ကို inverse selection ပြောင်းပါ။ shortcut ကတော့ Ctrl+ Alt+ I ပါ။ Shape Layer ကို Ctrl+ Alt+ Shift+ Click နှိပ်ပါ။ foreground color ကို #fbfcfd ပေးပါ။ ပြီးရင် gradient tool (foreground to transparent) ကိုရွေးပြီး menu bar ဘယ်ဘက်အပေါ်ကနေ ညာဖက်အောက်ခြေအထိ diagonal ဆွဲပါ။ Selection ဖြုတ်ပြီး အောက်ဘက်နဲ့ ညာဘက်ကို Layer ကို 1px ရွေ့ပါ။



ပြီးရင် အဆင့်(၁၀)ကအတိုင်းပဲ ညာဖက်ထောင့်ကို ဆက်လုပ်ပါ။ အဆင့်(၁၁)အတိုင်း ထပ်လုပ်ပြီး gradient ကို ညာဖက်အပေါ်ကနေ ဘယ်ဘက် အောက်ခြေအထိ ဆွဲပေးပါ။ ပြီးရင် selection ဖြုတ်ပြီး အောက်ဘက်နဲ့ ဘယ်ဘက်ကို Layer ကို 1px ရွေ့ပါ။


အဆင့်(၁၂)
New Layer ခေါ်ပါ။ Shape Layer ရဲ့ thumb icon ကို Ctrl+Click နှိပ်ပါ။ ပြီးရင် brush ကို 50px soft လောက်ရွေးပြီးတော့ menu bar ရဲ့ ဘယ်ဘက်နဲ့ ညာဖက် ကိုအောက်ပါပုံအတိုင်း ခြယ်ပါ။



အဆင့်(၁၃)
ဒါဆိုရင်တော့ navigation menu ရဲ့ foundation ကတော့ ပြီးပါပြီ။ Link စာသားတွေပဲ ထည့်ဖို့ ကျန်ပါတော့တယ်။ About ဆိုတဲ့ စာရိုက်ပါမယ်။ font setting တွေကိုတော့ အောက်ကပုံအတိုင်း ပေးပါ။



အဆင့်(၁၄)
US ဆိုတဲ့ စာရိုက်မယ်။ color က #000000။ ပြီးရင် အောက်ပုံအတိုင်း setting ပေးမယ်။



အဆင့်(၁၅)
အောက်ဖက်ကနေ COMPANY OVERVIEW ဆိုတဲ့စာ ထပ်ထည့်မယ်။ setting ကတော့ အောက်က ပုံအတိုင်းပေးမယ်။



အဆင့်(၁၆)
ပြီးရင် ကျန်တဲ့ “Our Works - Completed Projects”, “Our Clients – Professional Support”, “Mail & Links – Linkage & Address” ဆိုတဲ့ စာသားတွေ အတွက်ကတော့ ရှေ့က စာတွေကို copy ပွားပြီးတော့ စာချိန်းလိုက်ရင် ရပါပြီ။




Wednesday, August 12, 2009

လှိုင်းတွန့်ပုံ (Ripple Effect) ပြုလုပ်ခြင်း


အခုတစ်ခါတော့ photoshop မှာ လှိုင်းတွန့်ပုံစံ (Ripple Effect) လေး စမ်းလုပ်ကြည့်ကြရအောင်

အဆင့်(၁)
Effect သွင်းချင်တဲ့ ပုံကို ဖွင့်ပါ။





အဆင့်(၂)
Filter> Distort> ZigZag ကိုသွားပါ။



အဆင့်(၃)
ZigZag ဆိုတဲ့ box လေးပေါ်လာရင် Amount မှာ 19, Ridges မှာ 16 နဲ့ Style မှာ Pond Ripples ရွေးပါ။ ZigZag box မှာ မြင်နေရတဲ့ ပုံနေရာကနေ effect ပေါ်ချင်တဲ့နေရာကို mouse နဲ့ drag ဆွဲပြီးတော့ ရွေးချယ်နိုင်ပါတယ်။



ပြီးရင် OK ကိုနှိပ်ပါ။



Saturday, August 1, 2009

ရေထဲမှ ရောင်ပြန်ပုံရိပ် ဖန်တီးခြင်း

ဟောဒီဖြတ်လမ်းနည်းနဲ့ ဘယ်လို photo မှာမဆို သဘာဝကျတဲ့ ရေထဲမှ ရောင်ပြန်ပုံရိပ်တွေ လွယ်ကူစွာ ပေါင်းထည့်နိုင်တယ်။ ဓာတ်ပုံထဲ ရေပါပြီးသား မဟုတ်တဲ့ ပုံရိပ်တွေမှာ အကောင်းဆုံ ဖြစ်လေ့ရှိတယ်။ ရိုးရှင်းတဲ့ filter, displacement map တွေနဲ့ လှိုင်းကြက်ခွပ် water ripple effect တွေ ပြုလုပ်ရမယ်။ Hue/Saturation adjustment layer နဲ့ color သွင်းပါတယ်။

အဆင့်(၁)
Effect သွင်းချင်တဲ့ ဓာတ်ပုံကို ဖွင့်ပါ။ Ctrl+J နှိပ်ပြီး background layer ကိုကော်ပီပွားပါ။





အဆင့်(၂)
ဒီရုပ်ပုံရဲ့ အောက်မှာ ရေထဲက ရောင်ပြန်ပုံရိပ် ပေါင်းထည့်မှာပါ။ ဒီအတွက် document အောက်ခြေမှာ canvas space အချို့ ပေါင်းထည့်ရမယ်။ Image>Canvas Size သို့သွားပါ။ ခုလုပ်ရမှာက မူလပုံရဲ့ နှစ်ဆမြင့်အောင် အောက်ဘက်သို့ ချဲ့ရမယ်။ Height နေရာမှာ 100, measurement အကွက်မှာ percent ထားပါ။ Width အကွက်မှာ 0 ပဲထားပါ။ Relative option ကို check အမှတ်ပေးထားတာ သေချာစေရန် Anchor မှာတော့ အပေါ် အလယ်အကွက်မှာ ပေးပါ။



အဆင့်(၃)
ရောင်ပြန်ပုံရိပ် reflection ပြုလုပ်ရမယ်။ Layers palette ၌အပေါ် layer ရွေးပြီးသား ဖြစ်ပါစေ။ Edit> Transform> Flip Vertical သို့သွားပါ။



အဆင့်(၄)
V နှိပ်ပြီး Move tool ကိုခေါ်။ ပြောင်းပြန်လှန်ထားတဲ့ ပုံရိပ်ကို မူလပုံရိပ် အောက်တည့်တည့် ရောက်အောင် ရွှေ့ပါ။ Shift နှိပ်ထားရင် အောက်တည့်တည့် ဆင်းအောင် ထိန်းထားပေးမယ်။

အဆင့်(၅)
နောက်အဆင့်တွေကတော့ လှိုင်းကြပ်ခွပ် water ripple effect လုပ်ဖို့ပဲ။ Blank layer အသစ်လိုချင်တယ်။ အလွယ်ဆုံး အမြန်ဆုံးကတော့ Layers palette အောက်ခြေက New Layer icon ကို နှိပ်ဖို့ပဲ။


အဆင့်(၆)
Layer အလွတ်မှာ အဖြူရောင် ဖြည့်ရမယ်။ D ကိုနှိပ်။ Ctrl+Backspace ကိုနှိပ်။



အဆင့်(၇)
Filter> Sketch> Halftone Pattern ကိုရွေးပါ။ ကျွန်တော်တို့က လိုင်းစင်းလေးတွေ လုပ်ချင်တာပါ။ Pattern Type မှာ Lines ကိုရွေးပါ။ Size ကိုချိန်ညှိခြင်းအားဖြင့် မျဉ်းလိုင်းအရေအတွက် နည်းနည်းနဲ့ လိုင်းထူထူယူမလား၊ လိုင်းပါးပါးနဲ့ ချဉ်းလိုင်းအရေအတွက် များများ ယူမလား ရွေးနိုင်တယ်။ Contrast ကတော့ မျဉ်းအနားစွန်း ဘယ်လောက်မာလဲ၊ ပျော့လဲ ချိန်ပေးတယ်။



အဆင့်(၈)
အဖြူနဲ့ အနက်လိုင်းစင်းတွေကို water ripples မပြုလုပ်ခင် ၄င်းတို့အကြား ပြေပြေပြစ်ပြစ် ဖြစ်သွားဖို့ ချောမွေ့စေဖို့ရာ လိုတယ်။ Filter> Blur> Gaussianl Blur သို့သွားပါ။ Radius slider ကိုဆွဲရင်း လိုင်းအနားစွန်းတွေ ပျော့သွားအောင် မျက်မြင် ချိန်ညှိပါ။ ယခု နမူနာအတွက် တန်ဖိုးက 4:



အဆင့်(၉)
ဆက်၍ ပြုလုပ်မယ့် displacement map အတွက်က ယခု layer ကိုသီးခြား document ဖြစအောင် လုပ်ဖို့လိုတယ်။ Screen ထိပ်စီးက Layer> Duplicate Layer သို့သွားပါ။ Dialog box ထဲက Destination အကွက်ရဲ့ Document option မှာ New ကိုရွေးပါ။



အဆင့်(၁၀)
ပေါ်လာတဲ့ document အသစ်ကို save လုပ်ပြီး ပိတ်ခဲ့ရုံပါပဲ။ Document ကို ပိတ်လိုက်တဲ့အခါ save လုပ်လိုသလား။ Save as dialog box နဲ့မေးမယ်။ Water-ripples စသည်ဖြင့် မှတ်မိလွယ်ပြီး ဆီလျော်တဲ့ အမည်ပေးကာ မှတ်ရလွယ်တဲ့ နေရာမှာ save ထားခဲ့ပါ။ .psd ဖိုင်အဖြစ်ပဲ save ပါ။


အဆင့်(၁၁)
အဖြူနဲ့ အနက်လိုင်းစင်း layer က ဒီဖိုင်လုပ်ဖို့ရာ အတွက်သာ ဆိုတော့ မလိုတော့ဘူး။ ဖျက်ပစ်လိုက်ရုံပဲ။


အဆင့်(၁၂)
Displacement map ပေါင်းထည့်ခြင်း မပြုခင် image layers နှစ်ခုကို layer အသစ်တစ်ခုအဖြစ် ၄င်းတို့ အပေါ်မှာ merge လုပ်ပြီးသား လိုတယ်။ အပေါ် layer 1 ရွေးထားဆဲ Shift+ Ctrl+ Alt+ E နှိပ်ပါ။ ဘာမှ ဖြစ်ပုံမပေါ်ပေမယ့် Layers palette ကိုကြည့်ရင် layer အသစ်အပေါ်မှာ merged လုပ်ပြီးသား တွေ့ရမယ်။



အဆင့်(၁၃)
Layers palette ၌ merged layer အသစ် ရွေးပြီးသား ဖြစ်ပါစေ။ Filter> Distort> Displace သို့သွားပါ။ Dialog box ၌ ripple effect အပြင်းအပျော့ ဆုံးဖြတ်ရမယ်။ ယခု နမူနာမှာ Horizontal Scale မှာ 4, vertical scale မှာ 0 ထားထားတယ်။ Stretch To Fit နဲ့ Repeat Edge Pixels တွေလည်း ရွေးထားတယ်။





OK ကိုနှိပ်ပြီး ထွက်လိုက်တဲ့အခါ ဘယ်ဖိုင်ကို displacement map အဖြစ် သုံးလိုသလဲ photoshop က မေးလိမ့်မယ်။ အဆင့်(၁၀)မှာ ပြုလုပ်ခဲ့တဲ့ water-ripples.psd ကိုရွေးပေးလိုက်ပါ။


အဆင့်(၁၄)
ဒီနေရာမှာ ပြဿနာတစ်ခု ရှိတယ်။ Water ripple effect ကပုံရိပ် တစ်ခုလုံးအပေါ် ပေါင်းထည့်တယ်။ ကျွန်တော်တို့က အောက်တစ်ဝက်ပဲ လိုချင်တာ။ Layer mask နဲ့ လွယ်လွယ်ကူကူ ပြင်လို့ ရပါတယ်။ ပထမဆုံး Layers palette ရဲ့ ‘Layer 1’ thumbnail အကွက်အပေါ် Ctrl+Click နှိပ်ပါ။ ပြောင်းပြန်လှန်ထားသော document အောက်ခြေတစ်ဝက် selection ရွေးပြီးသား ပေါ်လာမယ်။
အခု Merged layer (layer 2)ကို သက်ဝင်အောင် ရွေးထားလိုက်ပါ။ နောက် layers palette အောက်ခြေက layer Mask icon ကိုကလစ်နှိပ်ပါ။ အပေါ်ပိုင်း တစ်ဝက်ဖျောက်ပြီးသား ဖြစ်သွားမယ်။ ပြီးခါနီပါပြီ။ ရေထဲကို color အချို့ သွင်းမယ်။



အဆင့်(၁၅)
Layer mask ရဲ့ အနားစွန်းတွေ ပျော့သွားစေဖို့ရာ လိုတယ်။ Gaussian Blur filter ကိုသုံးမယ်။ Layer mask အပေါ် သက်ရောက်စေလိုတာ ဖြစ်တဲ့အတွက် layers palette က layer mask thumbnail ကွက်အပေါ် ကလစ်နှိပ်ရပါမယ်။ ၄င်းအကွက်ပတ်လည် အဖြူရောင် hilight box ပေါ်လာမယ်။ Filter> Blur> Gaussian Blur သို့သွားပါ။ Radius တန်ဖိုး ယခင်အတိုင်းပဲ ထားပြီး OK ကိုကလစ်နှိပ်ပါ။




အဆင့်(၁၆)
ရေမှာ အပြာရောင် သန်းချင်တယ်။ Pro အဆင့် Adjustment layer သုံးမယ်။ Alt နှိပ်ထားရင်း Layers palette အောက်ခြေက New Adjustment Layer icon ကိုနှိပ်ပါ။ ပြီးတော့ စာရင်းက Hue/Saturation ကိုရွေးပါ။ Use Previous layer to Create Clipping Mask ကိုလည်း ရွေးခဲ့ပါ။




Hue/Saturation dialog box မှာတော့ ညာဘက် အောက်ခြေထောင့်က colorize ကို ရွေးပါ။ Hue Slider မှာ လိုချင်တဲ့ တန်ဖိုး ရွေးရတယ်။ ယခု နမူနာအတွက် တန်ဖိုး 218.


အဆင့်(၁၇)
ရေပြင်သို့ ပေါင်းထည့်ပေးလိုက်တဲ့ color ပြင်းအား လျှော့ဖို့ရာ Opacity တန်ဖိုးချပါ။ ယခု နမူနာအတွက် 25%.



အခြားပုံတွေမှာ variation လုပ်စရာဆိုလို့ ထက်အောက် symmetric မဖြစ်တာ၊ ရောင်ပြန်ဟပ်တဲ့ လိုင်းအနားစွန်း တစ်ဖြောင့်တည်း မရှိတာတွေ ရှိနိုင်တယ်။ သိပြီး Photoshop tricks များနဲ့ ဥာဏ်ကစားပြီး စမ်းကြည့်နိုင်ပါတယ်။ ထိုအချက်တွေက လွဲပြီး ကျန်တာတွေကို အထက်က နည်းအတိုင်း ပြုလုပ်ခဲ့တဲ့ နောက်ထပ် ပုံတစ်ပုံကို ပြထားပေးပါတယ်။


Ref: computer journal

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Hosting Coupons