Wednesday, July 15, 2009

Design Feather Affect အသုံးပြု၍ ဒီဇိုင်းဖန်တီးခြင်း


ဒီလ ကွန်ပျူတာ ဂျာနယ်က photoshop tutorial မှာပါတဲ့ Photoshop design feather effect လေးပါ။ Photoshop မှာပါတဲ့ အသင့်ပေးတာတွေနဲ့တင် ပြုလုပ်သွားတာပါ။

အဆင့်(၁)
400 x 400 pixels အရွယ်အစား 72 dpi resolution နဲ့ ဖိုင်အသစ် တစ်ခုကို RGB mode နဲ့ဖွင့်ပါ။ Onscreen, Web Purposes အတွက်ဆိုတာ သိသာပါတယ်။

အဆင့်(၂)
Background ကိုအနက်ရောင်ဖြင့် ဖြည့်ပါ။ Custom Shape tool (U) ကိုရွေးပါ။ ပုံမှာပြထားတဲ့ ပုံဟာ Nature အုပ်စုထဲမှာ ရှိပါတယ်။ အဲဒီ tool နဲ့ shape ကိုဆွဲပါ။ Option bar မှာ Paths button နှိပ်ထားပြီးသား ဖြစ်ရပါမယ်။





အဆင့်(၃)
Direct Selection Tool ကိုရွေးပါ။


အဆင့်(၄)
ဘယ်ဘက်က ရွက်ချပ်နှစ်ခုကို ၀ိုက်ပြီးရွေးပါ။




အဆင့်(၅)
Delete Key ကိုနှိပ်ပါ။


အဆင့်(၆)
နောက်ညာဘက်က သစ်ရွက်ကိုလည်း ရွေးပြီး delete key နှိပ်ပါဦး။ ရွက်ချပ်တစ်ခုပဲ ကျန်ခဲ့မယ်။


အဆင့်(၇)
သစ်ရွက်ပုံကို right click နှိပ်ပြီး make selection ကိုရွေးပါ။ Layers palette က new layer button ကိုနှိပ်။ အဖြူရောင်နဲ့ ဖြည့်ပါ။ Selection ကိုမဖြုတ်ပါနဲ့ဦး။




အဆင့်(၈)
Select>Feather ကိုသွားပါ။ တန်ဖိုး 5pixels ပေးပါ။


အဆင့်(၉)
အခု Delete Key ကိုနှိပ်လိုက်ပါ။



အဆင့်(၁၀)
Ctrl+J နဲ့ Layer ကိုပွားပါ။ Ctrl+T နဲ့ အသေးချုံ့ပြီး ပုံပါအတိုင်း လှည့်ပါ။ အဲဒီနည်းနဲ့ပဲ နောက်ထပ် တတိယမြောက် ရွက်ချပ် ပြုလုပ်ပါ။



အဆင့်(၁၁)
နောက်အဆိုပါ Layer သုံးခုကို Merge (Ctrl+E, Ctrl+F) လုပ်ပြီး Ctrl+J နဲ့ Layer ကို duplicate ပွားပါ။ Ctrl+T နှိပ်ပြီး Edit > Transform > Flip
Horizontal ကိုသွားပါ။ ပုံပါအတိုင်း နေရာရအောင် ရွှေ့ယူပါ။


အဆင့်(၁၂)
Layer နှစ်ခုကို Merge ပြန်လုပ်ပါ။ ပြီးရင် Ctrl+J ပြန်သွားပါ။ Filter > Blur > Motion Blur သို့သွားပြီး အောက်ပါ setting များပေးပါ။
Angle: 0
Distance: 46 pixels


အဆင့်(၁၃)
Layer နှစ်ခုကို ပြန်၍ merge လုပ်ပါ။



အဆင့်(၁၄)
Ctrl+J နဲ့ထပ်ပွား။ Ctrl+T နှိပ်ပြီး Edit > Transform > Flip Vertical ကိုရွေးပါ။ တကယ်လို့ နောက်မှ နေရာ မရွှေ့ချင်ဘူးဆိုရင် Option bar က မူတည်မှတ်ကို အောက်အလယ်မှတ် ပေးရမယ်။


အဆင့်(၁၅)
ထို့နောက်ဆုံး Layer သက်ဝင်ဆဲမှာ Blending Mode ကို Dissolve မှာ ထားပြီး Opacity 50% ထားပါ။



အဆင့်(၁၆)
Gradient Tool (G) ကိုရွေးပါ။ အ၀ါနဲ့ စပြီး အပြာဘုတ်နဲ့ ဆုံးတဲ့ Gradient ကိုရွေးပါ။ Layer အသစ်တစ်ခု လုပ်ပြီး ပုံပါအတိုင်း သက်ရောက်ပါစေ။



အဆင့်(၁၇)
Blending Mode ကို Overlay သို့ပြောင်းပါ။

Post Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Hosting Coupons