Wednesday, July 15, 2009

မျက်ဝန်းတွင် Effect ထည့်ခြင်း


မျက်ဝန်းတွေရဲ့ စိတ်ဝင်စားဖွယ် ဖမ်းစားမှုမျိုးကို Blade
Runner ရုပ်ရှင်ထဲမှာ အထင်အရှား တွေ့မြင်ဖူးခဲ့ကြပါပြီ။ ယခု
မျက်ဝန်းမှာ ပုံရိပ်ထင်ဟပ်နေတဲ့ effect ပြုလုပ်ကြည့်ကြမယ်။

အဆင့် [၁]
ပထမဆုံး အသုံးပြုမယ့် မျက်ဝန်းနဲ့ ရောင်ပြန်ဟပ်မယ့် ပုံရိပ်
နှစ်ခုစလုံး photoshop မှာ ဖွင့်ပါ။ Layer တစ်ခုစီမှာ တပ်
ထားပါ။ ရုပ်ပုံနှစ်ခုစလုံး resolution မြင်ရင် ပိုကောင်းမယ်။
Move tool ကို သုံးပြီး ပုံရိပ်ကို မျက်ဝန်းပေါ် နေရာချပါ။






အဆင့် [၂]
Free Transform Tool ကို ခေါ်ယူရန် Edit > Free Transform
သို့ သွားပါ။ သို့မဟုတ် Ctrl + T ကို နှိပ်ပါ။ Layer ရဲ့
opacity ကို နည်းနည်းချထားခြင်းအားဖြင့် အောက်ခံ သူငယ်အိမ်
အနေအထားကို မြင်ရမယ်။ ယခု Free Transform Tool ကို
သုံးပြီး ပုံရိပ်ရဲ့ လိုချင်တဲ့အပိုင်းအား မျက်စိသူငယ်အိမ်ထဲ အလောတော် ဝင်ဆံ့အောင် အရွယ်ပြင်ပါ။ ပုံရိပ်ရဲ့ မလိုချင်တဲ့အပိုင်းတွေ
မျက်လုံးပေါ် ကျော်လွန်ဖုံးအုပ်နေလည်း ခုအဆင့်မှာ ကိစ္စ မရှိသေး
ဘူး။ စိတ်ကျေနပ်ရင် enter ခေါက်ပါ။



အဆင့် [၃]
Eraser Tool ကို ရွေးပါ။ စုတ္တံအေပ်ာ့ (်သ္အ ဘမက့်)
ကြီးကြီးရွေးပြီး မလိုချင်တဲ့အပိုင်းတွေ ဖျက်ပစ်ပါ။ မျက်ဝန်းနဲ့
သူငယ်အိမ်မှာ နည်းနည်းစွန်းကျော်နေလည်း ဒီအဆင့်မှာ ကိစ္စမရှိ
သေးဘူး။





အဆင့် [၄]
ရောင်ပြန်ဟပ်ပုံရိပ်ရဲ့ Layer ကို ရွေးထားတာ သေချာစေပြီး
နောက် Filter > Distort > Spherize သို့ သွားပါ။ မျက်ဝန်း
iris က လုံးဝကြီး မလုံးဝန်းတာ သတိပြုပါ။ သင့်အနေနဲ့ setting
တန်ဖိုးကို အဆင်ပြေအောင်ကစားကြည့်ဖို့လိုမယ်။ (ကျွန်တော်
ကတော့ ၈၄ ရာခိုင်နှုန်း သုံးထားတယ်။)



အဆင့် [၅]
ပုံက နည်းနည်းပိုကြီးလာတယ်ဆိုရင် Move Tool သုံးပြီး
နေရာရွှေ့။ Ctrl + T နဲ့ အရွယ်ပြင်စဉ် အချိုးအစားညီအောင်
Shift ကို နှိပ်ပြီး ချုံ့ပါ။

အဆင့် [၆]
D ကို နှိပ်ပြီး background, foreground color ကို default
အဖြူနဲ့ အမည်းဖြစ်အောင် လုပ်ပါ။ Layer Mask Button
ကို ကလစ်နှိပ်ပါ။ ခု soft brush နဲ့ မလိုချင်တဲ့ အပိုင်းတွေ၊
စွန်းထွက်နေတဲ့အပိုင်းတွေ လိုက်ဖျက်ပါ။ မှားသွားပြီး ပြန်ဖော်ချင်
ရင် X ကို နှိပ်၊ အဖြူရောင်နဲ့ ပြန်ခြယ်ပါ။



အဆင့် [၇]
ရောင်ပြန်ဟပ် Layer ရဲ့ blending mode ကို့ hard light
သို့ ပြောင်း၊ opacity ကို ကစားပါ။



အဆင့် [၈]
ဒီအခြေခံဖရိမ်ကနေပြီး reflection layer ရဲ့ ပုံရိပ်မှာ ကိုယ့်ပုံ
အနေအထားအလိုက် အခြား photoshop နည်းလမ်းတွေ သုံးပြီး
အမျိုးမျိုး စမ်းသပ် လုပ်ဆောင်ကြည့်ပေါ့။



ref: computer journal

Post Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Hosting Coupons