Friday, August 21, 2009

High-Detailed Plastic Navigation Bar

ဒီတစ်ခါ သင်ခန်းစာကတော့ website အတွက် plastic navigation bar လေးတစ်ခု ပြုလုပ်ခြင်းပါ။





အဆင့်(၁)
ပထမဦးဆုံး ကျွန်တော်တို့ navigation bar အတွက် background အရင် စလုပ်ပါမယ်။ photoshop မှာ 800x259px နဲ့ background color ကို #8caab8 ရွေးပြီး new document တစ်ခုယူပါ။ ပြီးရင် foreground color ကို #e1e8eb ထားပါ။ layer အသစ်ခေါ်ပြီးတော့ gradient tool (G) ကိုရွေးပါ။ ပြီးရင် Gradient Editor ခေါ်ပြီး Presets ထဲက Foreground to Transparent ကိုရွေးပါ။ ရွေးပြီးရင် canvas ရဲ့ ထိပ်ကနေ အောက်ကို gradient tool နဲ့ ဆွဲပေးပါ။





အဆင့်(၂)
ကဲပြီးရင် navigation menu အတွက် foundation လေး လုပ်လိုက်ရအောင်။ foreground color (#7fa1b3) ရွေးပါ။ ပြီးရင် rectangle tool မှာ rounded rectangle tool ကိုရွေးပါ။ ပြီးရင် width နဲ့ height ကို 763x80px ပေးပြီး canvas ရဲ့ အလယ်မှာဆွဲပါ။ အဲဒီ layer ကို Shape လို့ နာမည်ပေးပါ။ ပြီးရင် layer ကို double click နှိပ်ပြီး inner shadow ထည့်ပါ။





အဆင့်(၃)
နောက် layer အသစ်တစ်ခု ထပ်ယူပြီးတော့ Shape layer ရဲ့ အောက်ကိုရွေ့ပါ။ အဲဒီ new layer မှာ active ဖြစ်နေတုန်း Shape layer ရဲ့ thumbnail အကွက်လေးမှာ Ctrl+Click နှိပ်ပါ။ selection ပေါ်လာရင် color ဖြည့်ပါ။ color ကတော့ #86a6b5 ပါ။ ပြီးရင် Deselect (Ctrl+D) နှိပ်ပါ။ အဲဒီ layer ကို Filter>Blur ထဲက Gaussian Blur (1.8px) နဲ့ Motion Blur (90deg,41px) ပေးပါမယ်။ Gaussian Blur (1.8px) ကို တစ်ကြိမ်ထက် ပိုပေးပါ။ ပြီးရင် opacity ကို 85% ထားပါ။



အဆင့်(၄)
New layer ခေါ်ပါ။ ပြီးရင် new layer active ဖြစ်နေတုန်းမှာ Shape Layer ရဲ့ thumb icon လေးကို Ctrl+Click နှိပ်ပါ။ selection ပေါ်လာရင် color(#678a9f) ဖြည့်ပါ။ ပြီးရင် selection ဖြုတ်ပြီး Gaussian Blur (4.5px) ပေးပါ။



အဆင့်(၅)
ကဲ အောက်ခြေဘက်မှာ shade လေးတွေ ထပ်ထည့်ရအောင်။ New Layer ခေါ်ပါ။ New Layer active ဖြစ်နေတုန်းမှာ Shape Layer ကို Ctrl+Click နှိပ်ပါ။ Selection ပေါ်လာရင် M ကိုနှိပ်ပြီး down arrow နဲ့ selection ကို အောက်ဘက်ကို 10px လောက် ရွေ့ပါ။ ပြီးရင် foreground color ကို #6d838f ထားပါ။ ပြီးရင် gradient tool (G) ကိုရွေးပါ။ ပြီးရင် Gradient Editor ခေါ်ပြီး Presets ထဲက Foreground to Transparent ကိုရွေးပါ။ ပြီးရင် အောက်ကပုံမှာ မြှားပြထားတဲ့အတိုင်း ပထမတစ်ခါ canvas အောက်ကနေ selection အလယ်အထိဆွဲမယ်။ ဒုတိယနဲ့ တတိယက ဘေးဘက်မှာ မြှားပြထားတဲ့ အတိုင်း selection ရဲ့ ဘယ်ဘက်နဲ့ ညာဘက်ကို လိုက်ဆွဲပါ။ သတိထားရဖို့က canvas ရဲ့အောက်ခြေကနေ selection အရဲ့ အလယ်လောက် အထိပဲ gradient ကိုဆွဲပါ။



အဆင့်(၆)
Deselect လုပ်ပြီး Filter>Blur>Gaussian Blur (3.6px) ပေးပါ။



အဆင့်(၇)
အခု အပေါ်ကနေပြီး inner glow ထည့်ပါမယ်။ new layer ခေါ်ပါ။ ပြီးရင် အဲဒီ Layer ကိုအပေါ်ဆုံးကို ရွှေ့ပါ။ အဲဒီ new layer active ဖြစ်နေတုန်းမှာပဲ Shape Layer ရဲ့ thumb icon လေးကို Ctrl+Click နှိပ်ပါ။ selection ပေါ်လာရင် Marquee Tool (M) ကိုရွေးပြီး 1px လောက် အောက်ကို ရွေ့ပေးပါ။ ပြီးရင် foreground color ကို #92c2da ပြောင်းပြီး selection ရဲ့ အပေါ်ဘက် 10px လောက်ကနေ selection ရဲ့အောက်ဘက် 10px လောက်အထိ gradient tool (G) နဲ့ ဆွဲပေးပါ။



အဆင့်(၈)
ပြီးရင် အလင်းရောင် အစင်းလေးတွေကို menu foundation ရဲ့ အပေါ်မှာ ထည့်မယ်။ New Layer ခေါ်ပါ။ Shape Layer ရဲ့ thumb icon ကို Ctrl+Click နှိပ်ပါ။ selection ကို 40px လောက် အပေါ်ကို ရွေ့ပေးပါ။ ပြီးရင် Shape layer ရဲ့ thumb icon ပေါ်ကို Ctrl+Alt+Shift+Click နှိပ်ပေးပါ။ foreground color ကို #bcd2db ပြောင်းပြီး gradient tool (G) ကိုရွေးပါ။ ပြီးရင် Gradient Editor ခေါ်ပြီး Presets ထဲက Foreground to Transparent ကိုရွေးပါ။ ရွေးပြီးသွားရင် menu bar ရဲ့ အောက်ကနေ အပေါ်ကို gradient ဆွဲပါ။ selection ဖြုတ်ပြီး Filter>Blur>Gaussian Blur (3.6px) ပေးပါ။



အဆင့်(၉)
Light color တွေ ထည့်ပါမယ်။ New Layer ခေါ်ပါ။ foreground color ကို #b8c9d1 ပေးပါ။ brush tool (45px soft brush) ရွေးပြီး menu bar ရဲ့ဘယ်ဘက်အစွန်းကနေ ညာဖက်အစွန်းနားအထိ အရောင်ချယ်ပါ။ ပြီးရင် Gaussian Blur ကို 4px ပေးပြီး opacity ကို 50% ထားပါ။



အဆင့်(၁၀)
New Layer ခေါ်ပါ။ Shape Layer ကို Ctrl+Click နှိပ်ပါ။ foreground color ကို #dge7f1 ထားပါ။ 80px soft brush ကိုရွေးပြီး menu ရဲ့ အပေါ်ဘက်မှာ အရောင်ခြယ်ပါ။ ဘယ်ဘက်ထောင့်ကို ထူထူလေး ခြယ်ပါ။



အဆင့်(၁၁)
ကျွန်တော်တို့ menu ရဲ့ border တွေမှာ sparkle တွေထည့်မယ်။ New Layer ခေါ်မယ်။ Shape Layer ရဲ့ thumb icon ကို Ctrl+Click နှိပ်မယ်။ ပြီးရင် select>modify>contract နှိပ်ပြီး contract selection မှာ 1px ထားပါ။ ok နှိပ်ပါ။ ပြီးရင် selection ကို inverse selection ပြောင်းပါ။ shortcut ကတော့ Ctrl+ Alt+ I ပါ။ Shape Layer ကို Ctrl+ Alt+ Shift+ Click နှိပ်ပါ။ foreground color ကို #fbfcfd ပေးပါ။ ပြီးရင် gradient tool (foreground to transparent) ကိုရွေးပြီး menu bar ဘယ်ဘက်အပေါ်ကနေ ညာဖက်အောက်ခြေအထိ diagonal ဆွဲပါ။ Selection ဖြုတ်ပြီး အောက်ဘက်နဲ့ ညာဘက်ကို Layer ကို 1px ရွေ့ပါ။



ပြီးရင် အဆင့်(၁၀)ကအတိုင်းပဲ ညာဖက်ထောင့်ကို ဆက်လုပ်ပါ။ အဆင့်(၁၁)အတိုင်း ထပ်လုပ်ပြီး gradient ကို ညာဖက်အပေါ်ကနေ ဘယ်ဘက် အောက်ခြေအထိ ဆွဲပေးပါ။ ပြီးရင် selection ဖြုတ်ပြီး အောက်ဘက်နဲ့ ဘယ်ဘက်ကို Layer ကို 1px ရွေ့ပါ။


အဆင့်(၁၂)
New Layer ခေါ်ပါ။ Shape Layer ရဲ့ thumb icon ကို Ctrl+Click နှိပ်ပါ။ ပြီးရင် brush ကို 50px soft လောက်ရွေးပြီးတော့ menu bar ရဲ့ ဘယ်ဘက်နဲ့ ညာဖက် ကိုအောက်ပါပုံအတိုင်း ခြယ်ပါ။



အဆင့်(၁၃)
ဒါဆိုရင်တော့ navigation menu ရဲ့ foundation ကတော့ ပြီးပါပြီ။ Link စာသားတွေပဲ ထည့်ဖို့ ကျန်ပါတော့တယ်။ About ဆိုတဲ့ စာရိုက်ပါမယ်။ font setting တွေကိုတော့ အောက်ကပုံအတိုင်း ပေးပါ။



အဆင့်(၁၄)
US ဆိုတဲ့ စာရိုက်မယ်။ color က #000000။ ပြီးရင် အောက်ပုံအတိုင်း setting ပေးမယ်။



အဆင့်(၁၅)
အောက်ဖက်ကနေ COMPANY OVERVIEW ဆိုတဲ့စာ ထပ်ထည့်မယ်။ setting ကတော့ အောက်က ပုံအတိုင်းပေးမယ်။



အဆင့်(၁၆)
ပြီးရင် ကျန်တဲ့ “Our Works - Completed Projects”, “Our Clients – Professional Support”, “Mail & Links – Linkage & Address” ဆိုတဲ့ စာသားတွေ အတွက်ကတော့ ရှေ့က စာတွေကို copy ပွားပြီးတော့ စာချိန်းလိုက်ရင် ရပါပြီ။




Post Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Hosting Coupons