Wednesday, July 15, 2009

Design Feather Affect အသုံးပြု၍ ဒီဇိုင်းဖန်တီးခြင်း


ဒီလ ကွန်ပျူတာ ဂျာနယ်က photoshop tutorial မှာပါတဲ့ Photoshop design feather effect လေးပါ။ Photoshop မှာပါတဲ့ အသင့်ပေးတာတွေနဲ့တင် ပြုလုပ်သွားတာပါ။

အဆင့်(၁)
400 x 400 pixels အရွယ်အစား 72 dpi resolution နဲ့ ဖိုင်အသစ် တစ်ခုကို RGB mode နဲ့ဖွင့်ပါ။ Onscreen, Web Purposes အတွက်ဆိုတာ သိသာပါတယ်။

အဆင့်(၂)
Background ကိုအနက်ရောင်ဖြင့် ဖြည့်ပါ။ Custom Shape tool (U) ကိုရွေးပါ။ ပုံမှာပြထားတဲ့ ပုံဟာ Nature အုပ်စုထဲမှာ ရှိပါတယ်။ အဲဒီ tool နဲ့ shape ကိုဆွဲပါ။ Option bar မှာ Paths button နှိပ်ထားပြီးသား ဖြစ်ရပါမယ်။





အဆင့်(၃)
Direct Selection Tool ကိုရွေးပါ။


အဆင့်(၄)
ဘယ်ဘက်က ရွက်ချပ်နှစ်ခုကို ၀ိုက်ပြီးရွေးပါ။




အဆင့်(၅)
Delete Key ကိုနှိပ်ပါ။


အဆင့်(၆)
နောက်ညာဘက်က သစ်ရွက်ကိုလည်း ရွေးပြီး delete key နှိပ်ပါဦး။ ရွက်ချပ်တစ်ခုပဲ ကျန်ခဲ့မယ်။


အဆင့်(၇)
သစ်ရွက်ပုံကို right click နှိပ်ပြီး make selection ကိုရွေးပါ။ Layers palette က new layer button ကိုနှိပ်။ အဖြူရောင်နဲ့ ဖြည့်ပါ။ Selection ကိုမဖြုတ်ပါနဲ့ဦး။




အဆင့်(၈)
Select>Feather ကိုသွားပါ။ တန်ဖိုး 5pixels ပေးပါ။


အဆင့်(၉)
အခု Delete Key ကိုနှိပ်လိုက်ပါ။



အဆင့်(၁၀)
Ctrl+J နဲ့ Layer ကိုပွားပါ။ Ctrl+T နဲ့ အသေးချုံ့ပြီး ပုံပါအတိုင်း လှည့်ပါ။ အဲဒီနည်းနဲ့ပဲ နောက်ထပ် တတိယမြောက် ရွက်ချပ် ပြုလုပ်ပါ။



အဆင့်(၁၁)
နောက်အဆိုပါ Layer သုံးခုကို Merge (Ctrl+E, Ctrl+F) လုပ်ပြီး Ctrl+J နဲ့ Layer ကို duplicate ပွားပါ။ Ctrl+T နှိပ်ပြီး Edit > Transform > Flip
Horizontal ကိုသွားပါ။ ပုံပါအတိုင်း နေရာရအောင် ရွှေ့ယူပါ။


အဆင့်(၁၂)
Layer နှစ်ခုကို Merge ပြန်လုပ်ပါ။ ပြီးရင် Ctrl+J ပြန်သွားပါ။ Filter > Blur > Motion Blur သို့သွားပြီး အောက်ပါ setting များပေးပါ။
Angle: 0
Distance: 46 pixels


အဆင့်(၁၃)
Layer နှစ်ခုကို ပြန်၍ merge လုပ်ပါ။



အဆင့်(၁၄)
Ctrl+J နဲ့ထပ်ပွား။ Ctrl+T နှိပ်ပြီး Edit > Transform > Flip Vertical ကိုရွေးပါ။ တကယ်လို့ နောက်မှ နေရာ မရွှေ့ချင်ဘူးဆိုရင် Option bar က မူတည်မှတ်ကို အောက်အလယ်မှတ် ပေးရမယ်။


အဆင့်(၁၅)
ထို့နောက်ဆုံး Layer သက်ဝင်ဆဲမှာ Blending Mode ကို Dissolve မှာ ထားပြီး Opacity 50% ထားပါ။



အဆင့်(၁၆)
Gradient Tool (G) ကိုရွေးပါ။ အ၀ါနဲ့ စပြီး အပြာဘုတ်နဲ့ ဆုံးတဲ့ Gradient ကိုရွေးပါ။ Layer အသစ်တစ်ခု လုပ်ပြီး ပုံပါအတိုင်း သက်ရောက်ပါစေ။



အဆင့်(၁၇)
Blending Mode ကို Overlay သို့ပြောင်းပါ။

မျက်ဝန်းတွင် Effect ထည့်ခြင်း


မျက်ဝန်းတွေရဲ့ စိတ်ဝင်စားဖွယ် ဖမ်းစားမှုမျိုးကို Blade
Runner ရုပ်ရှင်ထဲမှာ အထင်အရှား တွေ့မြင်ဖူးခဲ့ကြပါပြီ။ ယခု
မျက်ဝန်းမှာ ပုံရိပ်ထင်ဟပ်နေတဲ့ effect ပြုလုပ်ကြည့်ကြမယ်။

အဆင့် [၁]
ပထမဆုံး အသုံးပြုမယ့် မျက်ဝန်းနဲ့ ရောင်ပြန်ဟပ်မယ့် ပုံရိပ်
နှစ်ခုစလုံး photoshop မှာ ဖွင့်ပါ။ Layer တစ်ခုစီမှာ တပ်
ထားပါ။ ရုပ်ပုံနှစ်ခုစလုံး resolution မြင်ရင် ပိုကောင်းမယ်။
Move tool ကို သုံးပြီး ပုံရိပ်ကို မျက်ဝန်းပေါ် နေရာချပါ။






အဆင့် [၂]
Free Transform Tool ကို ခေါ်ယူရန် Edit > Free Transform
သို့ သွားပါ။ သို့မဟုတ် Ctrl + T ကို နှိပ်ပါ။ Layer ရဲ့
opacity ကို နည်းနည်းချထားခြင်းအားဖြင့် အောက်ခံ သူငယ်အိမ်
အနေအထားကို မြင်ရမယ်။ ယခု Free Transform Tool ကို
သုံးပြီး ပုံရိပ်ရဲ့ လိုချင်တဲ့အပိုင်းအား မျက်စိသူငယ်အိမ်ထဲ အလောတော် ဝင်ဆံ့အောင် အရွယ်ပြင်ပါ။ ပုံရိပ်ရဲ့ မလိုချင်တဲ့အပိုင်းတွေ
မျက်လုံးပေါ် ကျော်လွန်ဖုံးအုပ်နေလည်း ခုအဆင့်မှာ ကိစ္စ မရှိသေး
ဘူး။ စိတ်ကျေနပ်ရင် enter ခေါက်ပါ။



အဆင့် [၃]
Eraser Tool ကို ရွေးပါ။ စုတ္တံအေပ်ာ့ (်သ္အ ဘမက့်)
ကြီးကြီးရွေးပြီး မလိုချင်တဲ့အပိုင်းတွေ ဖျက်ပစ်ပါ။ မျက်ဝန်းနဲ့
သူငယ်အိမ်မှာ နည်းနည်းစွန်းကျော်နေလည်း ဒီအဆင့်မှာ ကိစ္စမရှိ
သေးဘူး။





အဆင့် [၄]
ရောင်ပြန်ဟပ်ပုံရိပ်ရဲ့ Layer ကို ရွေးထားတာ သေချာစေပြီး
နောက် Filter > Distort > Spherize သို့ သွားပါ။ မျက်ဝန်း
iris က လုံးဝကြီး မလုံးဝန်းတာ သတိပြုပါ။ သင့်အနေနဲ့ setting
တန်ဖိုးကို အဆင်ပြေအောင်ကစားကြည့်ဖို့လိုမယ်။ (ကျွန်တော်
ကတော့ ၈၄ ရာခိုင်နှုန်း သုံးထားတယ်။)



အဆင့် [၅]
ပုံက နည်းနည်းပိုကြီးလာတယ်ဆိုရင် Move Tool သုံးပြီး
နေရာရွှေ့။ Ctrl + T နဲ့ အရွယ်ပြင်စဉ် အချိုးအစားညီအောင်
Shift ကို နှိပ်ပြီး ချုံ့ပါ။

အဆင့် [၆]
D ကို နှိပ်ပြီး background, foreground color ကို default
အဖြူနဲ့ အမည်းဖြစ်အောင် လုပ်ပါ။ Layer Mask Button
ကို ကလစ်နှိပ်ပါ။ ခု soft brush နဲ့ မလိုချင်တဲ့ အပိုင်းတွေ၊
စွန်းထွက်နေတဲ့အပိုင်းတွေ လိုက်ဖျက်ပါ။ မှားသွားပြီး ပြန်ဖော်ချင်
ရင် X ကို နှိပ်၊ အဖြူရောင်နဲ့ ပြန်ခြယ်ပါ။



အဆင့် [၇]
ရောင်ပြန်ဟပ် Layer ရဲ့ blending mode ကို့ hard light
သို့ ပြောင်း၊ opacity ကို ကစားပါ။



အဆင့် [၈]
ဒီအခြေခံဖရိမ်ကနေပြီး reflection layer ရဲ့ ပုံရိပ်မှာ ကိုယ့်ပုံ
အနေအထားအလိုက် အခြား photoshop နည်းလမ်းတွေ သုံးပြီး
အမျိုးမျိုး စမ်းသပ် လုပ်ဆောင်ကြည့်ပေါ့။



ref: computer journal

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Web Hosting Coupons